```
GitHub ကို အသုံးပြုချင်ပေမဲ့ Terminal သို့မဟုတ် Command Line ရဲ့ အမည်းရောင်မျက်နှာပြင်ကို မြင်လိုက်တာနဲ့ စိတ်ရှုပ်သွားဖူးပါသလား။ Command တွေကို အလွတ်ကျက်ထားရမယ်၊ Mouse နဲ့ နှိပ်စရာ Button တွေ မရှိဘူးလို့ ထင်မိတာကြောင့် စတင်လေ့လာသူအများစုက Git နဲ့ GitHub ကို ခက်ခဲတဲ့အရာတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။
ဒါပေမဲ့ စိတ်မပူပါနဲ့။ Terminal Command တွေကို ချက်ချင်း မလေ့လာသေးဘဲ GitHub ရဲ့ အခြေခံလုပ်ဆောင်ချက်တွေကို ပုံမှန် Software တစ်ခုလို Button တွေ နှိပ်ပြီး အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။
ဒီလမ်းညွှန်မှာ GitHub Account ဖွင့်ခြင်း၊ Repository ဖန်တီးခြင်း၊ မိမိကွန်ပျူတာထဲ Clone ပြုလုပ်ခြင်း၊ Code ပြင်ဆင်ခြင်း၊ Commit ပြုလုပ်ခြင်းနဲ့ GitHub ပေါ်ကို Push တင်ခြင်းတို့ကို အဆင့် ၅ ဆင့်ဖြင့် ရှင်းလင်းပြသပေးသွားမှာ ဖြစ်ပါတယ်။
ပထမဆုံး github.com သို့ သွားရောက်ပြီး
အခမဲ့ GitHub Account တစ်ခု ဖန်တီးပါ။ Account ရှိပြီးသားဆိုရင်
မိမိ Username နဲ့ Password ကို အသုံးပြုပြီး Sign in ဝင်နိုင်ပါတယ်။
Sign in ဝင်ပြီးနောက် GitHub Dashboard စာမျက်နှာကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အခု မိမိရဲ့ Code နဲ့ Project Files တွေကို သိမ်းဆည်းနိုင်ဖို့ Project အသစ်တစ်ခု ဖန်တီးပါမယ်။
+ အမှတ်အသားကို နှိပ်ပါ။
github-desktop-demo လို့
အမည်ပေးနိုင်ပါတယ်။
.env File ထဲ သိမ်းဆည်းပြီး .gitignore မှာ
ထည့်ထားသင့်ပါတယ်။
အားလုံး သတ်မှတ်ပြီးရင် Create repository Button ကို နှိပ်ပါ။ ခဏအတွင်း Repository အသစ်တစ်ခု ဖန်တီးပြီး Repository စာမျက်နှာကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Repository စာမျက်နှာကို ဖွင့်လိုက်တဲ့အခါ Files တွေ၊ Commit History၊ Branch နဲ့ Repository ဆိုင်ရာ အခြားလုပ်ဆောင်ချက်တွေကို တွေ့ရပါမယ်။
Branch ဆိုတာ Project Code ရဲ့
သီးခြားလုပ်ဆောင်နိုင်တဲ့ Version သို့မဟုတ် လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
Repository တစ်ခု ဖန်တီးတဲ့အခါ မူလအဓိက Branch ကို
အများအားဖြင့် main လို့ အမည်ပေးထားပါတယ်။
စတင်လေ့လာနေသူတစ်ယောက် သို့မဟုတ် ကိုယ်တိုင်လုပ်နေတဲ့ Project အသေးတစ်ခုအတွက် Main Branch တစ်ခုတည်းနဲ့ စတင်လုပ်ဆောင်နိုင်ပါတယ်။ နောက်ပိုင်း Feature အသစ်တွေ ထည့်သွင်းတဲ့အခါ Branch အသစ်တွေ ခွဲသုံးနိုင်ပါတယ်။
Commit တစ်ခုကို Project ရဲ့ အချိန်တစ်ခုအတွင်း အခြေအနေကို မှတ်တမ်းတင်ထားတဲ့ Snapshot တစ်ခုလို နားလည်နိုင်ပါတယ်။ Commit ပြုလုပ်ထားတာကြောင့် Project ရဲ့ ပြောင်းလဲမှုသမိုင်းကို နောက်ပြန်ကြည့်နိုင်သလို ဘယ်သူက ဘာတွေပြင်ဆင်ခဲ့သလဲဆိုတာလည်း စစ်ဆေးနိုင်ပါတယ်။
ဒါပေမဲ့ Commit တစ်ခုဟာ Cloud Backup ဖြစ်ဖို့အတွက် GitHub ပေါ်ကို Push လုပ်ထားဖို့လည်း လိုအပ်ပါတယ်။ မိမိစက်ထဲမှာ Commit လုပ်ထားပြီး Push မလုပ်ရသေးရင် အဲဒီ Commit က Local Repository ထဲမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။
Repository ဖန်တီးစဉ်မှာ README File ထည့်ထားခဲ့ရင် GitHub က README ကို ထည့်သွင်းထားတဲ့ ပထမဆုံး Commit တစ်ခုကို အလိုအလျောက် ဖန်တီးပေးထားမှာ ဖြစ်ပါတယ်။
GitHub ပေါ်မှာရှိတဲ့ Repository ကို မိမိကွန်ပျူတာထဲ ကူးယူပြီး Code ရေးသားပြင်ဆင်နိုင်ဖို့ Clone ပြုလုပ်ရပါမယ်။
desktop.github.com ကနေ Download လုပ်ပြီး
Install ပြုလုပ်ပါ။
File > Clone repository ကို ရွေးပါ။
Clone လုပ်ငန်းစဉ် ပြီးသွားရင် Repository ရဲ့ Files တွေဟာ မိမိရွေးချယ်ထားတဲ့ Folder ထဲ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီ Folder ထဲမှာ Code တွေကို စတင်ပြင်ဆင်နိုင်ပါပြီ။
origin လို့
အမည်ပေးထားပါတယ်။
origin ဆိုတာ Repository ကိုယ်တိုင်ရဲ့ အမည်မဟုတ်ပါဘူး။
မိမိ Local Repository နဲ့ ချိတ်ဆက်ထားတဲ့ Remote Repository ကို
Git က ပုံမှန်အားဖြင့် ပေးထားတဲ့ အတိုကောက်အမည် ဖြစ်ပါတယ်။
Repository ကို Clone ပြုလုပ်ပြီးရင် VS Code၊ Cursor၊ Windsurf သို့မဟုတ် မိမိနှစ်သက်ရာ Code Editor နဲ့ ဖွင့်နိုင်ပါတယ်။
GitHub Desktop ထဲမှာ Open in Visual Studio Code Button ပေါ်နေရင် အဲဒီ Button ကို နှိပ်ပြီး Repository Folder ကို VS Code ထဲ တိုက်ရိုက်ဖွင့်နိုင်ပါတယ်။
README.md File ကို ဖွင့်ပြီး
Project အကြောင်း စာကြောင်းအသစ်တစ်ခု ထည့်ပါ။
test.txt အမည်နဲ့ File အသစ်တစ်ခု ဖန်တီးပါ။
အခု GitHub Desktop ကို ပြန်ဖွင့်ကြည့်လိုက်ရင် မိမိပြင်ဆင်ထားတဲ့ Files တွေကို အလိုအလျောက် သိရှိပြီး Changes Tab အောက်မှာ ဖော်ပြပေးထားတာကို တွေ့ရပါမယ်။
File တစ်ခုကို ရွေးချယ်လိုက်ရင် ညာဘက်ခြမ်းမှာ မူရင်း Code နဲ့ ပြင်ဆင်ထားတဲ့ Code တို့ရဲ့ ကွာခြားချက်ကို ကြည့်ရှုနိုင်ပါတယ်။
ဥပမာ Commit Message ကို အောက်ပါအတိုင်း ရေးနိုင်ပါတယ်။
Add project introduction and test file
Commit Message က တိုတိုရှင်းရှင်းနဲ့
ဘာတွေပြောင်းလဲခဲ့သလဲဆိုတာ နားလည်နိုင်အောင် ရေးသင့်ပါတယ်။
update၊ change သို့မဟုတ်
test လို့ပဲ မရှင်းမလင်း ရေးတာထက်
ပြင်ဆင်ချက်ကို တိတိကျကျ ဖော်ပြတာ ပိုကောင်းပါတယ်။
မိမိကွန်ပျူတာထဲမှာ Commit ပြုလုပ်ပြီးရုံနဲ့ အဲဒီပြောင်းလဲမှုတွေဟာ GitHub Cloud ပေါ်ကို အလိုအလျောက် မရောက်သေးပါဘူး။
Local Repository ထဲမှာရှိတဲ့ Commit တွေကို Remote Repository ဖြစ်တဲ့ GitHub ပေါ် တင်ပို့ဖို့ Push ပြုလုပ်ရပါတယ်။
Project တစ်ခုကို လုပ်ဆောင်နေစဉ် မိမိကွန်ပျူတာထဲမှာ Commit အများအပြား ပြုလုပ်နိုင်ပါတယ်။ Commit တစ်ခုစီတိုင်းကို GitHub ပေါ် ချက်ချင်းတင်ဖို့ မလိုအပ်ပါဘူး။
မိမိစက်ထဲမှာ လုပ်ဆောင်ချက်အဆင့်တိုင်းကို Commit လုပ်ပြီး အားလုံး အဆင်ပြေပြီဆိုမှ GitHub ပေါ် Push တင်နိုင်ပါတယ်။ ဒီလိုခွဲထားတာကြောင့် Internet မရှိတဲ့အချိန်မှာလည်း Local Commit တွေ ပြုလုပ်နိုင်ပါတယ်။
Code ရေးသားနေစဉ် အမှားလုပ်မိတာက ပုံမှန်ပါပဲ။ GitHub Desktop မှာ Commit မလုပ်ရသေးတဲ့ ပြောင်းလဲမှုတွေ၊ Commit လုပ်ပြီးသား ပြောင်းလဲမှုတွေကို အခြေအနေအလိုက် ပြန်လည်ပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
File တစ်ခုကို ပြင်ဆင်ထားပေမဲ့ Commit မလုပ်ရသေးဘဲ
မူလအခြေအနေကို ပြန်လိုချင်ရင် GitHub Desktop ထဲက
အဲဒီ File အပေါ် Right-click နှိပ်ပြီး
Discard changes ကို ရွေးနိုင်ပါတယ်။
Discard changes ပြုလုပ်လိုက်ရင်
Commit မလုပ်ထားတဲ့ ပြောင်းလဲမှုတွေ ပျောက်သွားနိုင်ပါတယ်။
မလိုအပ်တော့တာ သေချာမှသာ အသုံးပြုပါ။
Commit တစ်ခု ပြုလုပ်ပြီးပေမဲ့ GitHub ပေါ် Push မလုပ်ရသေးတဲ့အချိန်မှာ
GitHub Desktop က ပြသပေးတဲ့ Undo Option ကို
အသုံးပြုနိုင်ပါတယ်။
Undo ပြုလုပ်လိုက်ရင် နောက်ဆုံး Commit ကို ဖယ်ရှားပေးပေမဲ့ File ပြောင်းလဲမှုတွေကို Changes အဖြစ် ပြန်ထားပေးတတ်ပါတယ်။ ဒါကြောင့် Files တွေကို ပြန်ပြင်ပြီး Commit အသစ် ပြုလုပ်နိုင်ပါတယ်။
Commit ကို GitHub ပေါ် Push လုပ်ပြီးသွားပြီဆိုရင် အများပြည်သူနဲ့ မျှဝေထားတဲ့ History ကို တိုက်ရိုက်ဖျက်မယ့်အစား Revert ပြုလုပ်တာက ပိုမိုလုံခြုံပါတယ်။
Revert changes in commit ကို ရွေးပါ။
GitHub ပေါ်ရှိ Remote Repository မှာ အခြားသူတစ်ယောက်က Code အသစ်တင်ထားရင် အဲဒီပြောင်းလဲမှုတွေကို မိမိ Local Repository ထဲ ရယူဖို့ လိုအပ်ပါတယ်။
ကိုယ်တစ်ယောက်တည်း လုပ်ဆောင်နေတဲ့ Project မှာတောင် ကွန်ပျူတာနှစ်လုံး အသုံးပြုတာ သို့မဟုတ် GitHub Website ပေါ်ကနေ File ပြင်ဆင်တာမျိုးရှိရင် အလုပ်မစတင်ခင် Fetch သို့မဟုတ် Pull လုပ်ထားတာ ကောင်းပါတယ်။
GitHub Desktop ဟာ Terminal Command တွေကို မရင်းနှီးသေးတဲ့ စတင်လေ့လာသူများအတွက် Git နဲ့ GitHub ကို လက်တွေ့နားလည်နိုင်ဖို့ အကောင်းဆုံး Tool တွေထဲက တစ်ခု ဖြစ်ပါတယ်။
Button တွေကနေ လုပ်ဆောင်နိုင်တာကြောင့် Files ပြောင်းလဲမှုတွေ၊ Commit History နဲ့ Local Repository၊ Remote Repository တို့ရဲ့ ကွာခြားချက်ကို မြင်သာစွာ လေ့လာနိုင်ပါတယ်။
စတင်ချိန်မှာ အောက်ပါအချက်တွေကို ပိုင်နိုင်အောင် လက်တွေ့လုပ်ကြည့်ပါ။
ဒီအခြေခံ Workflow ကို နားလည်သွားပြီဆိုရင် Branch ဖန်တီးခြင်း၊ Pull Request တင်ခြင်း၊ Merge ပြုလုပ်ခြင်းနဲ့ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ခြင်းတွေကို နောက်တစ်ဆင့် ဆက်လက်လေ့လာနိုင်ပါပြီ။
```